ကလေးဝ မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကွင်းသရုပ်ပြပွဲဆောင်ရွက်ခြင်းကို မတ်လ(၉)ရက်နေ့ နံနက် ၈ နာရီခန့်က အမှတ်(၁) ရပ်ကွက် တောင်သူ ဦးမြင့်မောင်ပိုင် ကွင်းအမှတ် ၁၆၊ စကားဝါ မြိုင်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင်မြေပဲစိုက် ဧကတစ်ဧကတွင် ယူရီးယားနှင့် လက်ချားကို အသုံးပြု၍ ကုန်ကျစရိတ် နည်းသည့် ပဲမျိုးစုံအထွက်တိုးအောင် စိုက်ပျိုးနည်းကို လက်တွေ့ပြသခဲ့ရာ စိတ်ပါ ဝင်စားသည့် တောင်သူ ၁၅ ဦးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း ၁၀ ဦး တက်ရောက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးနိုင်က ရှင်းလင်းဆွေးနွေး၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကိုဇော်(ချင်းတွင်း-မြစ်သာ)