စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒိုက်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ လာရောက်စစ်ဆေး

ဒိုက်ဦး မတ် ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့်အဖွဲ့သည် မတ်လ ၉ ရက်နေ့နံနက် ၁၀ နာရီအချိန်က  ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ပေါက်တပင်မျိုးသန့်ခြံသို့ ရောက်ရှိပြီး  လုပ်ငန်းများအား စစ်ဆေးခဲ့ပြီး မျိုးစေ့နှင့်ပတ်သက်၍ တောင်သူအကြိုက် မျိုးစေ့များရွေးချယ်၍ ဆောင်ရွက်ရန် အထွက်နှုန်းကောင်းမျိုးသန့်များအသုံးပြုရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ကတုတ်ဘုရားကြီးကျေးရွာသို့ အဆင့်မြင့်လယ်ယာဧက (၁၂၀)ဖော်ထုတ်၍ နွေစပါးစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီးတောင်သူများအနေဖြင့် မျိုးစေ့ထုတ်သည့်အသင်းအဖွဲ့တွေကို အမည်ပေးပြီးဆောင်ရွက်စေလိုကြောင်း၊ တောင်သူများစိုက်ပျိုးရေးနှင့်ပတ်သက်သည့် နည်းပညာအသစ်တွေကို လေ့လာစေလိုကြောင်းနှင့် ယခုလိုအဆင့်မြင့်လယ်ယာဖော်ထုတ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိစေပါကြောင်း ပြောကြားပြီးနောက်လိုအပ်ချက်များကို မှာကြားပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)