တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “အလုပ်သမားရေးရာ” အသိပညာပေး TALK SHOW ကျင်းပ

တောင်ငူ   မတ်  ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက “အလုပ်သမားရေးရာ” အသိပညာပေး TALK SHOW ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ “အလုပ်သမားရေးရာ” အသိပညာပေး TALK SHOW တွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုး၊ တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်နီနီရွှေနှင့် တောင်ငူခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးကြီးကြပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပွင့်ဖြူစင်သက်တို့က  စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများနှင့်ပတ်သက်ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးစည်းကြပ်နေသည့်ဥပဒေများ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်များ၊ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမှကလေးများအတွက် အလုပ်ဆိုင်ရာကန့်သတ်ချက်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်လုပ်စေခြင်းအဓိပ္ပာယ်သတ်မှတ်ချက်၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များ၊ ၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေးဥပဒေ၊ စက်ရုံ၊ အလုပ်ရုံများက လိုက်နာဆောင်ရွက်ရမည့် အလုပ်သမားဥပဒေပါ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ သက်သာချောင်ချိရေးကိစ္စရပ်များစသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show မှ ဆွေးနွေးချက်များအား တောင်ငူခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင်  ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)