ငပုတော မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားကဏ္ဍ ကာယပညာ ဦးစီးဌာနမှ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အားကစားသမားကောင်းများ ပေါ်ထွန်း လာစေရေးတို့အတွက် ရည်ရွယ်ပြီး နွေရာသီ အားကစားသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ဖွင့်လှစ်သင်ကြားရာတွင် အားကစားနည်း (၇)မျိုးဖြစ်သော ဘောလုံး၊ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ မြန်မာ့ရိုးရာသိုင်း၊ ကြက်တောင်ရိုက်၊ Fitness dance များကို မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ယွန်းရွှေရည်မြင့်နှင့် ဝန်ထမ်းများ သင်တန်းနည်းပြများက သင်ကြားပေးရာ ဘောလုံးအားကစားနည်းတွင် သင်တန်းသား (၄၀)ဦး၊ ပြေးခုန်ပစ်အားကစားတွင် သင်တန်းသား (၁၀)ဦး၊ ရိုးရာခြင်းလုံး အားကစားတွင် သင်တန်းသား (၁၀)ဦး၊ မြန်မာ့ရိုးရာသိုင်းပညာအားကစားတွင် သင်တန်းသား၊ သင်တန်းသူ (၂၅)ဦး၊ ပိုက်ကျော်ခြင်း အားကစားတွင် သင်တန်းသား (၁၅)ဦး၊ ကြက်တောင်ရိုက် အားကစားသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၁၀)ဦးနှင့် Fitness dance အားကစားနည်း သင်တန်းတွင် သင်တန်းသူ (၁၀)ဦး၊ စုစုပေါင်း( ၁၂၀)ဦးတို့က စိတ်ပါဝင်စားစွာ သင်ကြားတက်ရောက်ကြပြီး မတ်လ(၂၀)ရက်နေ့အထိ လေ့ကျင့်သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အောင်သူ(ပြန်/ဆက်)