ဝါးခယ်မမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်သင်ကြားလျက်ရှိ

ဝါးခယ်မ မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေခယ်သီရိအားကစားခန်းမတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လ ၆ ရက်နေ့မှစတင်၍ မတ်လ ၂၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေရာသီအားကစားသင်တန်းတွင် မြန်မာ့သိုင်း၊ ဘောလီဘော၊ ရိုးရာခြင်း၊ စာပွဲးတင်တင်းနစ်၊ ပြေးခုန်ပြစ်စသည့်အားကစားနည်းများကိုသင်ကြားပေးလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ ၈၂ ဦး လာ‌ရောက်သင်ကြားလျက်ရှိကြောင်း၊ အားကစားနည်းများမှ ထူးချွန်ထက်မြတ်သည့် အားကစားသမားကောင်းများကိုရွေးချယ်၍ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် အားကစားလှုပ်ရှားမှုများတွင် ပြည်သူတစ်ရပ်လုံးစိတ်ပါဝင်စားမှုများရှိစေရန်၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်နှင့် မျိုးဆက်သစ်လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေးထံမှ သိရသည်။

ဟိန်းထက်လင်း       

ဝါးခယ်မ (ပြန်/ဆက်)