ချောက်မြို့၌ မြန်မာ့စီးပွားရေးဘဏ်အနီးရှိ လုံးပါတ် (၄)ပေ အမြင့် ပေ (၃၀)ခန့်ရှိ ကန္တာပင်မှာ မိုးရွာသွန်းမှု ကြောင့် လဲကျ

ချောက် စက်တင်ဘာ ၃၀

ချောက်မြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်၊ မြေနီကုန်းရပ်၊ မြန်မာ့စီးပွားရေးဘဏ်အနီးရှိ လုံးပါတ် (၄)ပေ အမြင့် ပေ (၃၀)ခန့်ရှိ ကန္တာပင်မှာ မိုးရွာသွန်းထားမှု့ကြောင့် မြေသားနူးပွ၍ အမြစ်မှလဲကျကာ မြန်မာ့စီးပွားရေးဘဏ် အမိုးပေါ်သို့ မေးတင်ကာ လဲကျခဲ့ခြင်းအား ချောက်မြို့နယ် မီးသတ်ဦးစီးမှုး ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းပါ သန္ဓေတပ်ဖွဲ့ဝင်(၅) ဦး၊ အရန်မီးသတ် ဒုတပ်ရင်းမှူး ဦးဝင်းတင်ပါ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့မှ Chain-saw ၊ ဓား၊ ကြိုးများ အသုံးပြုပြီး ယနေ့နံနက် (၉) အချိန်ခန့်မှစတင်၍ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် လူတိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

မချို(ပြန်/ဆက်)