ဟားခါး မတ် ၉
ချင်းပြည်နယ်၊ ဟားခါးမြို့ အမှတ် ( ၁ ) အခြေပညာအထက်တန်းကျောင်းတွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက စတင်ကျင်းပရာ တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာစာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရ သည်။
ဟားခါးမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ်၌ စာစစ်ဌာန (၁) ခုသာရှိပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် စာရင်းရှိ (၁၆၉) ဦးအနက် ( ၁၃၉ ) ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူ ( ၃၀ ) ဦးရှိသဖြင့် စာမေးပွဲဖြေဆိုသည့်ရာခိုင်နှုန်းမှာ ၈၃ ရာခိုင်နှုန်းဖြစ်သည်။
အလားတူ ချင်းပြည်နယ်အတွင်းရှိ ထန်တလန်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်မှအပ ကျန် မြို့နယ် (၇)မြို့နယ်တွင် စာစစ်ဌာန (၁၃) ခု၌ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းသာယာစွာ ဖြေဆိုလျက်ရှိကြောင်း၊ ပြည်နယ်ချုပ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာရင်းရှိ ( ၃၄၆၁ ) ဦး ၊ ဖြေဆိုသူ (၂၅၆၀) ဦး၊ ပျက်ကွက်သူ(၉၀၀)ဦးဖြစ်ပြီး စာမေးပွဲဖြေဆိုသည့်ရာခိုင်နှုန်းမှာ ၇၄ ရာခိုင်နှုန်း ဖြစ်ကြောင်း ချင်းပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် ( ပြန် / ဆက် )