ကျိုက်ဒုံ မတ် ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်၊ ယမန်နေ့ နံနက် ၁၀ နာရီက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) တွင် ကျိုက်ဒုံမြို့ (ပြန်/ဆက်) ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် စာကြည့်တိုက်မှူး ဒေါ်နန္ဒာလှိုင်တို့မှ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုအဓိပ္ပာယ်၊ လူကုန်ကူးမှုအများဆုံးနိုင်ငံများ အကြောင်းနှင့် လူကုန်ကူးခံရမှုအခြေအနေများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူ့လူထုအတွင်း စိမ့်ဝင်ပြန့်နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနား လည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်စသည့် လူကုန်ကူးမှုအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေးမှုများ အကျယ်တစ်ဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်