လှိုင်းဘွဲမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်

လှိုင်းဘွဲ မတ်လ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ အသက်(၈၅)နှစ်အထပ် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ လိုက်လည်ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကွမ်ဘီကျေးရွာနှင့် ကြာအင်းကျေးရွာတို့တွင် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လိုက်လည်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက အသက်(၈၅)နှစ်အထက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော ကြာအင်းကျေးရွာမှ  အဘိုး(၈)ဦး၊ အဘွား(၁၃)ဦး၊ ကွမ်ဘီကျေးရွာမှ အဘိုး(၈)ဦး၊ အဘွား(၂၄)ဦး စုစုပေါင်း(၅၃)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ် နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၅၉၀၀၀၀)ကျပ်ကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)