စလင်း မတ်လ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိရာ ဖြေဆိုသူပေါင်း(၈၈၂)ဦး ရှိကြောင်း သိရသည်။
စလင်းမြို့နယ် အတွင်း၌ ယခုနှစ်တွင် စာမေးပွဲဖြေဆိုရန် စာစစ်ဌာန (၅)ခုဖြင့် နံနက် ၉ နာရီ အချိန်မှစ၍ စလင်းမြို့အခြေခံပညာအမှတ် (၁)ကျောင်းတွင် အတွင်းအပြင်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၃၂)ဦး၊ အ.ထ.က ဆင်ဖြူကျွန်းအခြခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၃၀၅)ဦး၊ အ.ထ.က တညောင်အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၃၇)ဦး၊ အ.ထ.က တပ်တွင်းအခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ (၄၆) ဦး၊ အ.ထ.က လင်းဇင်း အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့တွင် ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ (၅၆)ဦးစုစုပေါင်း ယနေ့မြန်မာစာဘာသာရပ်တွင် ဖြေဆိုသူ (၈၈၂)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ၊ ဖြေဆိုရန်စာရင်းပေးသွင်းသူ (၉၄၁)ဦး စာရင်းပေးသွင်းခဲ့ရာမှ ပျက်ကွက်သူဦးရေ (၅၉)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်