ဂန့်ဂေါ မတ် ၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယမန်နေ့ နံနက်(၉)နာရီမှစတင်ကာ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် ကျင်းပဖြေဆိုလျက်ရှိပြီး ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်၌ အ.ထ.က(ဂန့်ဂေါ) စာစစ်ဌာနတွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ကျောင်းသား /သူ(၁၁၃)ဦးနှင့် ပျက်ကွက်(၁၃)ဦး၊ အ.ထ.က(ကျော)စာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသား/သူ(၁၇)ဦးနှင့် ပျက်ကွက်(၃)ဦး၊ အ.ထ.က(ဟံသာဝတီ) စာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသား/သူ (၁၁၇)ဦးနှင့် ပျက်ကွက်(၆)ဦးတို့အတွက် စာစစ်ဌာန(၃)ခုဖြင့် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း ဂန့်ဂေါမြို့နယ် ပညာရေးမှူး ဦးအောင်ဝင်းထံမှ သိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများ စိတ်ချလက်ချအေးချမ်းစွာဖြေဆိုနိုင်ရန် ဂန့်ဂေါ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးအောင်ဇော်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်း၊ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများမှ တာဝန်ကျ ဆရာ/မများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး စာမေးပွဲလုံခြုံရေးအတွက် သက်ဆိုင်ရာနယ်မြေခံတပ်ရင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များတို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)