ဘုတ်ပြင်းမြို့၌ တက္ကသိုလ်ဝင် စာ‌မေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှုများသွား‌ရောက်ဆောင်ရွက်

ဘုတ်ပြင်း  မတ်  
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ တက္ကသိုလ်ဝင် စာ‌မေးပွဲကို နယ်မှလာရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား ယမန်နေ့က ကျန်းမာရေး စောင့်ရှောက်မှုများ သွား‌ရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင်  အ-ထ-က၊ ဘုတ်ပြင်း စာစစ်ဌာန (၁) ခုသာထားရှိရာ နယ်ကျောင်းများ ဖြစ်သည့် အ-ထ-က ကျောင်းများနှင့် အ-ထ-က-ခွဲ ကျောင်း (၆) ကျောင်းမှကျောင်းသား၊ကျောင်းသူ (၇၀) ဦးခန့်လာ‌ ရောက်ဖြေဆိုကြကြောင်း သိရသည်။
အဆိုပါ ကျောင်းသားကျောင်းသူများ တည်းခိုနေထိုင်သည့် စုရပ်နေရာများသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနှင့် မြို့နယ်လူမှုရေးအသင်းအဖွဲ့တို့က သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး အဟာရအထောက်အကူအဖြင့် ပဲနို့နှင့်မုန့်များထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)