ကလေးဝမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မြန်မာစာအား အေးချမ်းစွာဖြေဆို

ကလေးဝ မတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင်၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မြန်မာစာဘာသာ ရပ်အားယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ကျောင်းသားကျောင်းသူကလေးများက အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့သည်။

အဆိုပါ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မြန်မာစာဘာသာ ရပ်အား နံနက် ၉ နာရီမှစတင်၍ ကလေးဝမြို့အခြေခံပညာအထက်တန်းကျောင်းနှင့် မစိန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတို့ရှိ စာစစ်ဌာန ၂ ခုတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၃၃ ဦးက အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့သည်။

ယင်းစာစစ်ဌာန ၂ ခုရှိ ကျောင်းသားကျောင်းသူကလေးများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သွားရောက်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သက်ဟန်စိုးကျော်