ရေဦး မတ် ၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြိုင်တည်း ကျင်းပပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးစာစစ်ဌာန အ.ထ.က(၁)တွင် မတ် ၈ ရက် နံနက် ၉ နာရီမှစတင်ကာ တက္ကသိုလ်၀င်စာမေးပွဲ ကျင်းပခဲ့ရာ ပထမရက် မြန်မာစာ ဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများစတင်ဖြေဆိုနေပြီ ဖြစ်သည်။
ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ အတွင်းရေးမှူး ရဲမှူးဟန်၀င်းလှိုင်၊ တပ်မတော်သားများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဌာနမှ ဆရာဆရာမများက ပူးပေါင်းပါ၀င် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာမေးပွဲလာရောက် ဖြေဆိုကြသော ကျောင်းသား/ကျောင်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရ၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်တာ၀န်ရှိသူများက အဟာရဖြစ်မုန့်နှင့် အားဖြည့်အချိုရည်ဘူးများ ပေးဝေခဲ့ကြသည်။
အဆိုပါစာမေးပွဲတွင် ဖြေဆိုရန် စာရင်းသွင်း လျှောက်ထားသူဦးရေ ၄၁ ဦးရှိရာ အမှန်တကယ် ဝင်ရောက်ဖြေဆိုကျောင်းသား/ကျောင်းသူ (၃၅) ဦးရှိကြောင်းနှင့် ပျက်ကွက်ဦးရေ(၆)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန်းသန်း (ရေဦး)