ပြည် မတ် ၉
ကျောင်းသား ကျောင်းသူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အင်္ဂလိပ်စာ အရည်အသွေး မြင့်မားတိုးတက်စေရေးနှင့် သဒ္ဒါအထားအသိုမှန်ကန်စွာ ရေးတတ်ဖတ်တတ်စေရန် ရည်ရွယ်၍ "English Grammar Training" သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ဦးစွာမိတ်ဆက်ရှင်းလင်းဆွေးနွေးသည်။ယင်းနောက် အင်္ဂလိပ်စာသင်တန်းနည်းပြ ဆရာမ ဒေါ်ခင်လပြည့်ဝန်းက အင်္ဂလိပ်သဒ္ဒါတွင် အရေးပါသည့် Tenses များ၏ အရေးပါပုံနှင့် သုံးနှုန်းပုံ၊ အငြင်းဝါကျများ တည်ဆောက်ပုံတို့နှင့် စပ်လျဉ်း၍ အသေးစိတ် သင်ခန်းစာများ သင်ကြားပို့ချသည်။
အဆိုပါ "English Grammar Training" သို့ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၁၉ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ (၈)ရက်မှ ဧပြီ (၇)ရက်နေ့ထိ (၁)လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ကိုစိုး (ပြန်/ ဆက်)