တီးတိန်မြို့၌၂၀၂၃ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအေးချမ်းစွာဖြေဆို

တီးတိန် မတ် ၉

ချင်းပြည်နယ် တီးတိန်မြို့၌ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (၁) တီးတိန်စာစစ်ဌာနတွင် ယမန်နေ့ကမြန်မာစာကို အေးချမ်းစွာစတင်ဖြေဆိုကြသည်။ တီးတိန်စာစစ်ဌာန၌ ဖြေဆိုသူ(၃၆၅)ဦးရှိ‌ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် တီးတိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဖြိုးဝင်းသန်းတို့က တီးတိန်စာစစ်ဌာန၏ လုံခြုံရေးအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

တီးတိန်ခရိုင်တွင် အ.ထ.က (၁) တီးတိန်စာစစ်ဌာန၊ အ.ထ.က တွန်းဇံစာစစ်ဌာန၊ အ.ထ.က  ကျီခါးစာစစ်ဌာန၊ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြကြောင်း သိရသည်။

ဒေါ်ဒိုင်းခန့်ဒိမ့်

မြို့နယ် (ပြန်/ဆက်)