ပန်းတနော်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ပန်းတနော် မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိရာ (မြန်မာစာဘာသာရပ်)ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် စာစစ်ဌာန (၈)ခုရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင် ရောက်ဖြေဆိုရန် ကျောင်းသား (၃၁၉)ဦးနှင့် ကျောင်းသူ (၄၆၈)ဦး စုစုပေါင်း (၇၈၇)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၂၇၈)ဦးနှင့် ကျောင်းသူ(၄၂၇)ဦး စုစုပေါင်း (၇၀၅)ဦးတို့ဖြစ်ပြီး ဖြေဆိုသူ (၉၀) ရာခိုင်နှုန်းရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်စွာဖြင့် ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများက စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)