ငပု​တောမြို့၌၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင် တန်းစာမေးပွဲ စတင်ဖြေဆို

ငပု​တော မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အေးချမ်းစွာစတင် ဖြေဆိုလျက်ရှိရာ အ.ထ.က-ငပုတော စာစစ်ဌာန၌ ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိ ကျောင်းသား ၊ကျောင်းသူ စုစု​ပါင်း ​(၂၆၄)ဦး ​ရှိပြီး ဝင်ရောက်ဖြေဆိုသူ (၂၂၉) ဦးရှိကာ ပျက်ကွက်သူ (၃၅) ဦးရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ငပု​တောမြို့နယ်ရှိ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ​ဆောင်ရွက်ထားရှိကာ တာဝန်ရှိသူများမှ ကြီးကြပ်စစ်ဆေးဆော​င်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အောင်သူ (ပြန်/ဆက်)