ဟင်္သာတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစား သင်တန်းများကို (အခမဲ့)ဖွင့်လှစ် သင်ကြားပေး

ဟင်္သာတ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ နွေရာသီ အားကစားသင်တန်းများကို မတ်လ(၆)ရက်နေ့မှ (၃၀)ရက်နေ့ အထိ (အခမဲ့)ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။

အဆိုပါ နွေရာသီ အားကစား သင်တန်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါ သနာရှင် ပြည်သူ များ တတ်ရောက်နိုင်ရန် အားကစားနည်း(၉)မျိုးဖြင့် ဖွင့်လှစ်သင်ကြားပေး မှာဖြစ်ကြောင်း၊ အဆိုပါသင်တန်း များမှာ ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ စားပွဲတင် တင်းနစ်၊ စစ်တုရင်၊ ဘတ်စကက်ဘော စသည့် အားကစားနည်းများဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်တွင် (အခမဲ့)ဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်​သည်။

“ယခုလိုသင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အကျိုးရှိရှိ အသုံးချ တတ်စေရန်၊ လူငယ်လူရွယ်များ ကာယဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသော ဗလငါးတန် ပြည့်ဝ စေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်စသော ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ ထံက သိရသည်။

ကိုဇော် -ဟင်္သာတ