ရေကြည်မြို့နယ်၌ (၂၀၂၃ )ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ရေကြည် မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့တွင် ရေကြည်မြို့နယ်ရှိ စာစစ်ဌာန(၉)ခုတွင် ဝင်‌ရောက် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၆၇၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ရေကြည်မြို့နယ်အတွင်း စာစစ်ဌာန(၉)ခုထားရှိ၍ ကျင်းပဖြေဆိုလျက်ရှိရာ အဆိုပါ စာစစ်ဌာနများတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (ရေကြည်)တွင် ဝင်ရောက်ဖြေဆို သည့် ကျောင်းသား၊ ကျောင်းသူ (၁၇၁)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (အသုတ်)တွင် ဝင်ရောက် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၇၄)ဦး၊ အခြေခံပညာအထက်တန်းကျောင်း (ငါးသိုင်းချောင်း)တွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၁၅၁)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း(ကုန်းပြင်)တွင် ဝင်ရောက်ဖြေဆို သည့် ကျောင်းသား၊ ကျောင်းသူ (၈၄)ဦး၊ အခြေခံပညာအထက်တန်းကျောင်း (ကမ်းနီ)တွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၃၃)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (ကွင်းသုံးဆင့်) တွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (ငပိဆိပ်)တွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၅၂)ဦး၊ အခြေခံပညာအထက်တန်းကျောင်း (ဇရပ်လှ)တွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၄၂)ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း (ယိုးဒယားတက်)တွင် ဝင်ရောက် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၂၅)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၇၂)ဦးတို့က အဆိုပါ စာစစ်ဌာနများတွင် အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရ သည်။

အောင်သူဟန်(ပြန်/ဆက်)