လဟယ် မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်၂၀၂၂ ၂၀၂၃ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ မတ်လ(၈)ရက်နေ့မှ လဟယ်မြို့အထက်တန်းကျောင်းတွင် မြန်မာစာဘာသာရပ်မှ စတင်ဖြေဆိုလျက်ရှိပါသည်။
ထိုသို့ လဟယ်မြို့နယ်စာစစ်ဌာနမှ ယခုနှစ် ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် အတွင်းဖြေအပြင်ဖြေ ကျား(၁၅)ဦးမ(၁၆)ဦး အပြင်ဖြေကျား (၁၁၁) ဦးမ(၁၂၇)စုစုပေါင်း(၂၆၉) ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ယနေ့မြန်စာဘာသာရပ်ဖြေဆိုရာတွင် ကျား(၁၆)ဦး၊ မ(၁၄)ဦးပျက်ကွက်ခဲ့ပြီး ဖြေဆိုမှုရာခိုင်နှုန်း(၈၇.၃၉) ဖြေဆိုခဲ့ပါကြောင်း မြို့နယ်ပညာရေးရုံးမှ သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)