မြဝတီမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ ၂၇၅ ဦး ဖြေဆို

မြဝတီ မတ် ၈

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်း ယနေ့မတ်လ ၈ ရက်နေ့တွင်  စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၂၇၅ ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ပြီး မြဝတီမြို့နယ်တွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း၊သင်္ဃန်းညီနောင်စာစစ်ဌာန နှစ်ဌာနဖြင့် ဖြေဆိုခြင်းဖြစ်သည်။

အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား ၇၂ ဦး၊ ကျောင်းသူ ၁၅၉ ဦး၊  အခြေခံပညာအထက်တန်းကျောင်း၊ သင်္ဃန်းညီနောင်စာစစ်ဌာနတွင် ကျောင်းသား ၁၃ ဦး၊ ကျောင်းသူ ၃၁ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၇၅ ဦး ဖြေဆိုခဲ့ရာ မြဝတီမြို့နယ်အနေဖြင့် ၈၅ ရာခိုင်နှုန်း ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် ပညာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)