ခမောက်ကြီး မတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခမောက်ကြီးမြို့ ဦးစီးမှူးရုံးနှင့် သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (ဟက်စဒင်း)သို့ (၆-၃-၂၀၂၃) ရက်နေ့က လာရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးမှူး ဦးသိန်းစိုး ဦးဆောင်သော တိုင်းမြေ/မျိုး/ပိုးတာဝန်ခံများ၊ ကော့သောင်းခရိုင်/ မြို့နယ်ဦးစီးမှူးနှင့် ခရိုင်မြေ/မျိုး/ပိုး တာဝန်ခံများသည် ခမောက်ကြီးမြို့အတွင်းရှိ ကော့သောင်းမြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံဖြိုးရေးခြံ (ဟတ်စဒင်း)သို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဆီအုန်းနှစ်ရှည်မျိုးသစ်ထုတ်ခြင်းလုပ်ငန်းနှင့် အပူပိုင်းဒေသထွက် ရော်ဘာနှင့်နှစ်ရှည်အပင်နှင့် သီးနှံစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ခမောက်ကြီးမြို့ စိုက်ပျိုးရေးဦးစီးမှူးရုံးသို့ လာရောက်၍ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံပြီး ရုံးအခြေအနေကို ဝင်ရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)