ကျောက်ကြီးမြို့နယ်၌ တက္ကသိုလ်၀င်စာမေးပွဲ ဖြေဆိုနေမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ကျောက်ကြီး မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အ‌ခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့ကို ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါပြီး စာစစ်ဌာနများ၌ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး‌ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနတာဝန်ရှိသူများနှင့်အတူလိုအပ်သည်များကို  ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယာဉ်အန္တရာယ်ကင်းဝေးစေရန် ယာဉ်လမ်းရှင်းလင်းရေးလုပ်ငန်းများ၊ ဆူညံသံများမဖြစ်ပွားစေရေး၊  မီးဘေးလုံခြုံရေးနှင့်ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်ပေါ်စေရေးအတွက် အပြင်စည်းလုံခြုံရေးတာဝန်များ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးထားမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)