မင်းတုန်းမြို့စာစစ်ဌာနတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

မင်းတုန်း မတ် ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ စာစစ်ဌာန အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာ ဖြေဆိုလျက်ရှိရာ ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်ဝင်များက လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့တက္ကသိုလ်ဝင်တန်းစာမေးပွဲ  ဖြေဆိုရာတွင် မင်းတုန်းမြို့ စာစစ်ဌာန၌ ဖြေဆိုရန်စာရင်းရှိ ကျား(၈၃)ဦး၊ မ(၁၁၉)ဦး၊ စုစုပေါင်း (၂၀၂)ဦးရှိရာ စုစုပေါင်းဖြေဆိုသူ(၁၈၉)ဦးဖြစ်ပြီး ဖြေဆိုရန် ပျက်ကွက်သူ ကျား(၈)ဦးနှင့် မ(၅)ဦး စုစုပေါင်း(၁၃)ဦးပျက်ကွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)