ဖောင်းပြင် မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပဖြေဆိုရာ မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၇၇ ဦး ဝင်ရောက်ဖြေဆို ကြပြီး အေးချမ်းစွာဖြေဆိုနိုင်ကြကြောင်း သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် တပ်မတော်တပ်ရင်းတပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့တို့က လုံခြုံရေးအတွက် ဆောင်ရွက်ပေးပြီး မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့တို့က ဆောင်ရွက်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများက လိုအပ်သည်များ ပူးပေါင်းပါဝင်ဆောင် ရွက်ပေးသည်။
၂၀၂၂- ၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူစာရင်းရှိ ၅၃၂ ဦး ရှိရာ မြန်မာစာဘာသာရပ်ဖြေဆိုရာတွင် ၄၇၇ ဦးဖြေဆိုပြီး ဖြေဆိုရန်ပျက်ကွက်သူ ၅၅ ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)