ညောင်တုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကြည့်ရှုအားပေး

ညောင်တုန်း မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာ) ဖြေဆိုသော ကျောင်းသား/ကျောင်းသူများအား ယနေ့ နံနက် ၉နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၁)ခုသို့ လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များက စာစစ်ဌာနများ၌ စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး‌ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ စာစစ်ဌာနတာဝန်ရှိသူများနှင့်အတူ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

ညောင်တုန်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၁)ခု၌ မြန်မာစာ ဖြေဆိုသူဦးရေ (၅၇၆) ဦး(၈၇.၀၁)ရာခိုင်နှုန်း၊ ပျက်ကွက်(၈၆) ဦး (၁၂.၉၉)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထက်ဝေဖြိုး (ပြန်/ဆက်)