၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုနှင့် စာစစ်ဌာနများအားကြည့်ရှု့စစ်ဆေး

မအူပင် မတ် ၈

 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုနှင့် မြို့ပေါ်စာစစ်ဌာန(၁)ခု၊ ကျေးရွာစာစစ်ဌာန (၆)ခုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ယနေ့နံနက် ၈ နာရီအချိန်က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးတို့မှ ကျောင်းတွင်း ကျောင်းပြင်လုံခြုံရေး၊ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး၊ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး‌ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာစာစစ်ဌာန တာဝန်ရှိသူများနှင့်အတူ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 မအူပင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၇)ခုနှင့် မြန်မာစာဘာသာရပ်ဖြေဆိုသူ (၁၀၆၇) ဦးရှိကြောင်း သိရှိရသည်။

ခရိုင် (ပြန်ဆက်)