အမာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

အမာ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၂-၂၀၂၃  ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ (မြန်မာစာ) ဘာသာကို အထက(အမာ) စာစစ်ဌာန၌ ယနေ့ နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အမာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ အထက(အမာ)ကျောင်းနှင့် အထက (တယ်ပင်ဆိပ်) ကျောင်းတို့မှ ကျား(၁၁)ဦး၊ မ(၁၇)ဦး၊ စုစုပေါင်း (၂၈)ဦး၊ ပြင်ပမှ ဝင်ရောက်ဖြေဆိုသူ ကျား (၁၉)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း(၄၈)ဦးရှိပြီး စာမေးပွဲဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ကျား(၃၀)ဦး၊ မ(၄၆)ဦး၊ စုစုပေါင်း (၇၆)ဦး ဖြေဆိုလျက်ရှိပြီး ပျက်ကွက်()ဦးရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် နယ်မြေရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးအဖွဲ့ဖြင့် စောင့်ကြပ်လျက်ရှိပြီး ကျန်းမာရေးဌာနက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက်လည်း ပြင်ဆင်စောင့်ကြပ်လျက်ရှိ‌ကြောင်းနှင့် စာမေးပွဲဖြေဆိုပြီးချိန်တွင် အမာမြို့အဆင့် ဌာနဆိုင်ရာများမှ အအေးများ နှင့် ကျန်းမာရေးဌာနမှ Vicee ဆေးကဒ်များကို ကျောင်းသားကျောင်းသူများအား ဝေငှပေးခဲ့ကြောင်းသိရသည်။

အမာ(ပြန်/ဆက်)