မြန်အောင်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

မြန်အောင် မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ကို စာစစ်ဌာန (၇)ခုတွင် ယနေ့ နံနက်က ကျောင်းသား၊ ကျောင်းသူ (၄၄၀) ဦး မြန်မာစာဘာသာ အေးချမ်း ပျော်ရွှင်စွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြန်အောင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပသည့် စာစစ်ဌာန (၇)ခုဖြစ်သော အ.ထ.က (၁) မြန်အောင်၊ အ.ထ.က-ကနောင်၊ အ.ထ.က - သပြေကုန်း၊ အ.ထ .က- အင်ပင်၊ အ.ထ.က- ဇလုပ်မ၊ အ.ထ.က - လက်ပံကွင်းနှင့် အ.ထ.က-ရွှေကျင်တို့တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၄၉၃ ဦးရှိသည့်အနက် ယနေ့ မြန်မာစာဘာသာအား ဖြေဆိုသူဦးရေ ၄၄၀ ဦးရှိပြီး ဖြေဆိုရာခိုင်နှုန်း ၈၉.၂၅% ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ ခရိုင်ပညာရေးမှူး ဦးမြင့်အောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဝင်းနှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး စာမေးပွဲကြီးကြပ်ရေး ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများက စာစစ်ဌာနအလိုက် စောင့်ကြပ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း စွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)