ရွှေကျင်မြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ရွှေကျင်  မတ်  

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က တိုက်ပွဲရှောင်စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး လူ(၁)ဦးလျှင် (၂)လစာအဖြစ် ဆန်(၁၃)ပြည် (၄)လုံး၊ ပဲ(၁)ပြည် (၆)လုံး၊ ဆီ(၂)လီတာနှင့် လူ(၅)ဦးလျှင် ဆား(၂)ထုပ်နှုန်းဖြင့် ထောက်ပံ့ပေးရာ ပျဉ်းမပင်ရပ်ကွက် သမိုင်းဝင်အရှေ့မဟာဗုဒ္ဓဘုရားကြီး စေတီတော်တွင် အိမ်ထောင်စု (၆၅)စု၊ လူဦးရေ (၁၈၉)ဦး၊ ညောင်ဝိုင်းရပ်ကွက် တောင်ပိုင်ဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု (၁၀၇)စု၊ လူဦးရေ (၂၃၉)ဦး၊ စုစုပေါင်း အိမ်ထောင်စု (၁၇၂)စု၊ လူဦးရေ (၄၂၈)ဦး တို့အား လာရောက် ထောက်ပံ့ပေးခဲ့သည်။

ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)