ဇလွန် မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာ ဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီအချိန်တွင် စာစစ်ဌာန(၉)ခု တို့တွင် အေးချမ်းစွာ စတင်ဖြေဆိုကြကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာဘာသာရပ်ကို အ.ထ.က(၁) ဇလွန်၊ အ.ထ.က ကော့ကပ်ကြီး၊ အ.ထ.ကဂုံညင်းတန်း၊ အ.ထ.ကဒေါင့်ကြီး၊ အ.ထ.က ပျဉ်းမကုန်း၊ အ.ထ.ကရွှေကျောင်း၊ အ.ထ.ကမေရီလန်း၊ အ.ထ.ကမြစ်ဝ၊ အ.ထ.က သပြုကွင်း စာစစ်ဌာန (၉)ခု တို့တွင် အေးချမ်းစွာ စတင်ဖြေဆိုကြပြီး ယနေ့မြန်မာဘာသာရပ်ကို ကျား (၁၇၁)ဦး၊ မ (၂၄၀ )ဦး စုစုပေါင်း (၄၁၁) ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၈၉.၅၄) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ဝေယံ- ဇလွန်(ပြန်/ဆက်)