ကြံခင်း မတ် ၈
၂၀၂၂-၂၀၂၃ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ စာစစ်ဌာန(၅)ခုတွင် ယနေ့နံနက်(၉)နာရီအချိန်က စတင်ဖြေဆိုကြကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုဖြစ်သော (အ.ထ.က-၁)ကြံခင်း၊ (အ.ထ.က)ဘက်ရဲ၊ (အ.ထ.က)ဆိပ်သာ၊ (အ.ထ.က)မျောက်ချောကုန်း၊ (အ.ထ.က)ရေနံတောင်ကျောင်းများတွင် ဝင်ရောက်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူ(၃၈၃)ဦးရှိသည့်အနက် ယနေ့ဖြေဆိုသူဦးရေ (၃၆၂)ဦး ဝင်ရောက်ဖြေဆိုကြောင်း၊ ဖြေဆိုမှု ရာခိုင်နှုန်းမှာ(၉၄.၅၂)ရှိကြောင်းနှင့် ယနေ့မြန်မာစာဘာသာကို စတင်ဖြေဆိုကြကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသော ကျောင်းသား/သူများသည် မိမိတို့ခုံအမှတ်နှင့် ဖြေဆိုရမည့်အခန်းအား သိရှိစေရန် ကျောင်းရှေ့တွင် စနစ်ညွှန်းပြပုံ၊ ထိုင်ခုံပြဇယားများနှင့် တက္ကသိုလ်ဝင်စာမေးပွဲစာဖြေသူများ လိုက်နာရမည့် စည်းကမ်းချက်များကို ပြဘုတ်ဖြင့် ကပ်ပေးထားကြောင်းနှင့် ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးမှုး ဒေါ်ဌေးဌေးနှင့် ကြီးကြပ်ဆရာ၊ ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက စာစစ်ဌာနအလိုက် စနစ်တကျ စောင့်ကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ စာစစ်ဌာနများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုပြီး လိုအပ်ချက်များ ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)