ငဖဲ မတ် ၈
နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ကျောင်းသားကျောင်းသူများ စာစစ်ဌာနအသီးသီး၌ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာစာစစ်ဌာန ၂ ခု တွင် ကျောင်းသားကျောင်းသူ (၃၀၇ )ဦး စာရင်းပေးသွင်းထားပြီး မြန်မာစာဘာသာရပ် ဖြေဆိုသည့်နေ့တွင် အ.ထ.က-ငဖဲစာစစ်ဌာန၌ ဖြေဆိုသူ (၇၀)ဦး၊ အ.ထ.က-ပဒါန်းစာစစ်ဌာန၌ ဖြေဆိုသူ (၂၂၂)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၂၉၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသဖြင့် ၉၅.၁၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများစိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးဇော်ဝင်း နှင့်တပ်ဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)