ဝေါ မတ် ၈
ပညာရေးဝန်ကြီးဌာနမှကျင်းပသည့် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်း(ဝေါ)နှင့် အ.ထ.က(မြစ်ကျိုးကျောင်း)စာစစ်ဌာန၌ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက အေးချမ်းစွာလာရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲဖြေဆိုခြင်းကို ဝေါမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုရာ ကျောင်းတွင်းဖြေဆိုသူ စာရင်းရှိ ကျား (၈၅) ဦး၊ မ (၁၅၄) စုစုပေါင်း (၂၃၉)၊ ဖြေဆိုသူ ကျား (၇၆) ဦး၊မ (၁၄၅) ဦး၊ စုစုပေါင်း (၂၂၁) ဦး၊ ပျက်ကွက်သူ ကျား (၉) ဦး၊ မ(၉)ဦး၊ စုစုပေါင်း (၁၈)ဦးရှိ၍ ဖြေဆိုမှုရာခိုင်နှုန်း ( ၉၂.၄၇)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)