ကြံခင်း မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွဲ့စည်းထားသော Youth Club အဖွဲ့နှင့် ပူးပေါင်းပြီး နွေရာသီအားကစားသင်တန်းများမှ ကရာတေးသင်တန်း ကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က နွေရာသီ ကျောင်းပိတ်ရက်တွင် ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးစေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာ ဦးသိန်းဌေးက သင်တန်းသားများ၏ ဇွဲ၊ လုံလဖြင့် ကြိုးစားသင်ယူရန်၊ အခြေခံ အဆင့်မှ အဆင့်ဆင့်သင်ကြားပေးမှာ ဖြစ်သဖြင့် ကြိုးစားရန် ပြောကြားပြီး နောက် သင်တန်းစတင်သင်ကြားရာ သင်တန်းသား/သူ(၁၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ်လ(၇)ရက်မှ ဧပြီ(၇)ရက်နေ့ထိ ဖွင့်လှစ် သင်ကြားပေးမှာဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)