သရက်မြို့၌ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

သရက် မတ် ၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို မိမိတို့စာစစ်ဌာနအလိုက် အတွင်းဖြေ၊ အပြင်ဖြေ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ယနေ့နံနက်(၉)နာရီက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။

အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း  စာစစ်ဌာနတွင် စာရင်းရှိ ကျား(၁၄၂)ဦး၊ မ(၂၂၁) ဦး ပေါင်း(၃၆၃) ရှိသည့်အနက် ဖြေဆို ကျား(၁၂၇) ဦး၊ မ(၂၀၆)ဦး ပေါင်း(၃၃၃)ဦး ဖြေဆိုရာ ပျက်ကွက် ကျား(၁၅) ဦး၊ မ(၁၅) ဦးရှိရာ ဖြေဆိုမှု ရာနှုန်း ၉၁.၇၄ ရာခိုင်နှုန်း အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဇော်ထက်(သရက်)