ဇီးကုန်း မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက် ၉ နာရီမှစတင်၍ စာစစ်ဌာနနှစ်ခု၌ မြန်မာစာဘာသာရပ်အား အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။
ဇီးကုန်းမြို့နယ်တွင် အ.ထ.က(ဇီးကုန်း)နှင့် အ.ထ.က(လေးမျက်နှာ)စာစစ်ဌာန နှစ်ခုတွင် ဘာသာတွဲ(၁)၊ ဘာသာတွဲ(၂)၊ ဘာသာတွဲ(၇)တို့အား အတွင်းကျောင်းသား(၆၁)ဦး၊ အပြင်ကျောင်းသား(၂၄၄)ဦး စုစုပေါင်း(၃၀၅)ဦး ဖြေဆိုရန်လျှောက်လွှာတင်ထားရှိပြီး ယနေ့မြန်မာစာဘာသာရပ်တွင် အ.ထ.က(ဇီးကုန်း)စာစစ်ဌာနတွင် (၂၂၄)ဦးနှင့် အ.ထ.က(လေးမျက်နှာ)စာစစ်ဌာနတွင် (၅၆)ဦး စုစုပေါင်း(၂၈၀)ဦး လာရောက်ဖြေဆိုရာ (၉၁.၈၀) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ပညာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)