တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့တွင် လက်ပံတန်းမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၄၂၈ ဦး စတင်ဖြေဆို 

လက်ပံတန်း မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ယနေ့တွင် စတင်ကျင်းပသော တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသော ကျောင်းသားကျောင်းသူများသည် နံနက် ၉ နာရီအချိန်မှစ၍ စာစစ်ဌာန (၃)ခုတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။

အ.ထ.က(၁)လက်ပံတန်း၊ အ.ထ.က-သာရဝေါ၊ အ.ထ.က-ဇီးဖြူကုန်း၊ စာစစ်ဌာန (၃)ခုတွင် ဖြေဆိုမည့် စာရင်းရှိကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၆၇  ဦးရှိရာ ယနေ့တွင် ဖြေဆိုကျောင်းသားကျောင်းသူ စုစုပေါင်း၄၂၈ဦး (၉၁ဒသမ၆၅ရာခိုင်နှုန်း) ဖြေဆိုကြောင်း မြို့နယ်ပညာရေး မှူးရုံးမှသိရသည်။

တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ပညာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)