ရွှေဘိုခရိုင် တန့်ဆည်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီး ဆုံးရှုံးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

တန့်ဆည်   စက်တင်ဘာ  ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊တန့်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံ ပျက်စီးဆုံးရှုံးခဲ့သည့်တောင်သူများအားနိုင်ငံတော်မှထောက်ပံ့ငွပေးအပ်ခြင်းကိုယနေ့နံနက် (၁၀)နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမင်းက အမှာစကား ပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးကျော်စိုးမင်းက သဘာ ဝဘေး အန္တရာယ်ကြောင့် သီးနှံပျက်စီး ဆုံးရှုံးမှုအပေါ် ပြည်သူများ၏ စီးပွားရေး ၊လူမှုရေး၊စားဝတ်နေရေးအဆင်ပြေစေရန် နိုင်ငံတော်က ရည်ရွယ်၍ ထောက်ပံ့ ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းသဘာဝဘေးအန္တရာယ်ကြောင့်သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများ၏လယ်ယာမြေဧက(၁၀၉၄၃)ဧအတွက်(၁)ဧကလျှင်ငွေကျပ်(၁၀ ၀၀၀)နှုန်းဖြင့် ထောက်ပံငွေကျပ် သိန်းပေါင်း ၁၀၉၄ သိန်းနှင့် ၃ သောင်းအား မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာအုပ်စုများမှ တောင်သူများက လက်ခံရယူခဲ့ကြောင်းသိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)