ကျုံပျော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (၅၇၂)ဦး ဝင်ရောက်ဖြေဆို

ကျုံပျော် မတ် ၈

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် စာစစ်ဌာန (၁၀) ခုဖြင့် မတ်လ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်စစ်ဆေးရာ မြန်မာစာဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၇၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုရန်အတွက် ကျုံပျော်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၆၁၀) ဦး စာရင်းပေးသွင်းထားပြီး၊ မြန်မာစာဖြေဆိုသည့်နေ့တွင် ကျား(၂၄၇) ဦး၊ မ(၃၂၅)ဦး စုစုပေါင်း (၅၇၂) ဦး၊ ဝင်ရောက် ဖြေဆိုခဲ့ကာ (၃၈) ဦးပျက်ကွက်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာစစ်ဌာန (၁၀) ခုဖြင့် စစ်ဆေးဆောင်ရွက် ပေးလျက်ရှိပြီး စုစုပေါင်းဖြေဆိုရာနှုန်း (၉၃.၇၇) ဖြစ်‌ကြောင်း၊ ဖြေဆိုသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက စနစ်တကျကြီးကြပ် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

လပြည့်ဦး (ပြန်/ဆက်)