ကလိန်အောင် မတ် ၈
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်း မတ်လ(၈) ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင် မြို့အတွင်းရှိ အထက-ကလိန်အောင်စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက် မှ မတ်လ ၁၈ ရက်အထိ တစ်နေ့လျှင် (၁) ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၃) နာရီကြာဖြေဆိုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ကလိန်အောင်မြို့တွင်၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို အ-ထ-က၊ ကလိန်အောင် စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၈) ဦးနှင့် ကျောင်းသူ (၁၈) ဦး စုစုပေါင်း (၂၆) ဦး ဝင်ရောက်ဖြေဆိုရာ ရာခိုင်နှုန်းအားဖြင့် ၇၄.၂၉% ဝင်ရောက်ဖြေဆိုပြီးဖြေဆိုရန် ပျက်ကွက်သူ (၉) ဦး ရာခိုင်းနှုန်း ၂၅.၇၁% ပျက်ကွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)