ပလောက် မတ် ၈
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပလောက်မြို့စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာဖြင့် မြန်မာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိကြသည်။
ပလောက်မြို့တွင် ပလောက်အ.ထ.က စာစစ်ဌာန(၁) ခုထဲ၌ ကျောင်းပြင်ပ တစ်မြို့နယ်လုံး ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ ကျား(၂၁)ဦး၊မ(၆၃)ဦး၊ စုစုပေါင်း(၈၄) ဦးရှိသည့် အနက် ကျောင်းသား၊ ကျောင်းသူ ကျား(၁၉)ဦး၊ မ(၆၂)ဦး၊ စုစုပေါင်း(၈၁)ဦး လာရောက် ဖြေဆိုလျက်ရှိကြောင်း စာစစ်ဌာန ကြီးကြပ်ရေးမှူး ဦးပြည်ဟိန်းကျော်ထံမှ သိရသည်။
အဆိုပါကျောင်းသား၊ ကျောင်းသူများအား စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရန်အတွက်၊ ပလောက် တပ်နယ်မှ တာဝန်ရှိသူများ၊ ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့်ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် စိုးသိမ်းမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ကျောင်း အကျိုးတော်ဆောင် အဖွဲ့များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)