စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ Hand Speaker ၊ကိုယ်အပူချိန်တိုင်းသာမိုမီတာနှင့်Maskများထောက်ပံ့ပေးအပ်

ကလေးဝ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ကိုဗစ်-၁၉ ရာဂါ ကြိုတင် ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၃၉ အုပ်စုအား Hand Speaker ကိုယ်အပူ ချိန်တိုင်း သာမိုမီတာနှင့် နှာခေါင်းစည်း Mask များထောက် ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ ၌ ပြုလုပ်ခဲ့သည်။        

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဇော်လင်းက မိမိတို့ ရပ် ကွက်/ကျေးရွာအုပ်စုများသို့ ဖြတ်သန်းသွားလာသူများ၊ ရပ်နီးရပ်ဝေးသို့ ခရီးသွား ပြည်သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ခရီးသွားမှတ်တမ်းစာရင်း ကောက်ယူခြင်း များကို စစ်ဆေးဆောင်ရွက် ရန်၊ ပြည်သူများအနေဖြင့် အပြင်ထွက်လျှင် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန်၊ လက်သန့် ဆေးရည် သို့မဟုတ် ရေနှင့်ဆပ်ပြာကို အသုံးပြု၍ လက်ကို မကြာခဏ ဆေးကြာရန်၊ အခါအား လျော်စွာ ထုတ်ပြန်သော ကျန်းမာရေးဆိုင်ရာ အသိပညာပေးလမ်းညွှန်ချက်များကို လိုက်နာနေထိုင် သွားလာရေး စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများအား လက် ကိုင် Hand Speaker ဖြင့် အသိပညာပေး နှိုးဆော် ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။      

ထို့နောက် ကလေးဝမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၃၉ အုပ်စုအား တစ်အုပ်စု လျှင် Hand Speaker ၁ ခု၊ ကိုယ်အပူချိန်တိုင်း သာမိုမီတာ ၁ခု၊ mask နှင့် CBFQ Centre ထားရှိသော ရပ်ကွက်/ကျေးရွာ ၁၄ ခုအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရ သည်။

သက်ဟန်(ကလေးဝ)