ပြင်စလူမြို့တွင် အများပြည်သူများ သိရှိစေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ပြင်စလူ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အများပြည်သူများ သိရှိစေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၆) နာရီအချိန်က ဆောင်ရွက်သည်။

မီးသတိပေး နှိုးဆော်ရာတွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ပါ၍ မီးလန့်မှု/ မီးလောင်မှုများ ဖြစ်ပွားပေါ်ပေါက်ခြင်း မရှိစေရေးအတွက် မိဘပြည်သူများအနေဖြင့် မီးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များဖြစ်သည့် မီးဖိုအသုံးပြုလျှင် လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ဘုရားမီး၊ အမွှေးတိုင်မီး၊ ခြင်ဆေးခွေမီးများ အသုံးပြုလျှင် လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်မီးအသုံးပြုခြင်း၊ ဆေးလိပ်သောက်သုံးခြင်း၊ လောင်စာဆီများ အသုံးပြုလျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မိမိနေအိမ်၊ စီးပွားရေးလုပ်ငန်းများတွင် မီးဘေး အန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် သိလိုသမျှကို ပြင်စလူမြို့ နယ်မြေ မီးသတ်စခန်း တာဝန်ခံများထံသို့ ဆက်သွယ်မေးမြန်း စုံစမ်းပေးပါရန်နှင့်  လိုက်လံသတိပေး နှိုးဆော်ချက်များနှင့် အဆိုပါအချက်များကို လိုက်နာမှုမရှိပါက မီးသတ်တပ်ဖွဲ့နည်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြင်စလူ မြို့ နယ်မြေ မီးသတ်စခန်းမှ လက်ထောက် ဦးစီးမှူး ဦးလှိုင်ဖြိုးဇော် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင် ပူးပေါင်းကာ  ပြင်စလူမြို့ပေါ် ရပ်ကွက်များအတွင်းရှိ အများပြည်သူများသိရှိနိုင်စေရန် မီးသတိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြင်စလူ ( ပြန်/ဆက်)