ကသာခရိုင် အင်းတော်မြို့နယ်တွင် မိုးစပါးစိုက်ခင်းများအတွင်း ပိုးပွားများကျ ရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

အင်းတော် စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာ နယ်မြေ အတွင်းရှိ တောင်သူ ဦးဝင်းမောင်၏ မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ကွက်နှင့် စိုက်ခင်း များအတွင်း ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် မြေဩဇာ များ အချိုးကျ မှန်ကန်စွာ အသုံးပြုတတ်စေရေးနှင့် သဘာဝမြေဩဇာများ ပြုလုပ် သုံးစွဲ တတ်စေ ရေးတို့အတွက် အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ က ဒေသခံ တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းရှိ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များ စိုက်ပျိုးထားသော မိုးစပါးစိုက်ကွက်များ အောင်မြင်ဖြစ် ထွန်းစေ ရန်အတွက် လည်းကောင်း၊ သဘာဝမြေဩဇာများ လက်တွေ့ပြုလုပ်သုံးစွဲနိုင်ရေးနှင့် မိမိတို့ ကိုယ်တိုင် သဘာဝမြေဩဇာ ပြုလုပ် သုံးစွဲသည့် အလေ့အထကောင်းများ ရရှိလာနိုင်စေရေး အတွက်လည်းကောင်း၊ သဘာဝမြေဩဇာ သုံးစွဲခြင်း ဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော ဒေသထွက်ကုန်များ ရရှိလာနိုင်ရေး သဘာဝမြေဩဇာ ပြုလုပ်သုံး စွဲခြင်း၏ အကျိုးကျေးဇူး များကို သိရှိနိုင်စေရန် အတွက်လည်းကောင်း၊ သီးနှံမျိုးစုံနှင့် အပင်များ၏ ဖွံ့ဖြိုးတိုး တက်လာ မှုများ၊ သီးနှံနှင့် အပင်ကို ဖျက်ပိုးများ၏ တိုက်ခိုက်ဖျက်ဆီးမှု အခြေအနေ၊ ခံနိုင်ရည်ရှိမှု အခြေ အနေများကို သိရှိနိုင်ရေးအတွက်လည်းကောင်းရည်ရွယ်၍ ယခုကဲ့သို့ တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ ဒေသအတွင်းရှိ သီးနှံစားသုံးသူ ပြည်သူများ အနေဖြင့်လည်း ဘေးအန္တရာယ် ကင်းရှင်း သော သဘာဝ စားသောက်ကုန် သီးနှံများကို ရရှိစားသုံးနိုင်စေရေး အတွက် လည်းကောင်း ရည်ရွယ် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြ ခဲ့သည်။

အဆိုပါ အဖွဲ့သည် ယင်းနေ့မှာပင် အင်းတော်မြို့နယ် နန့်ခင့်ကျေးရွာအုပ်စု တောင်သူ ဦးသာဒွန်း ၏ စိုက်ခင်းတွင်လည်း သဘာဝမြေဩဇာ EM ဘိုကာရှီ မြေဆွေးပြုလုပ်နည်းများကို လက်တွေ့ ပြုလုပ် ပြသ၍ ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျော်သီဟ(အင်းတော် ပြန်/ဆက်)