ရေဖြူမြို့နယ်ရှိ စာစစ်ဌာနများ၌  တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာ စတင်ဖြေဆို

ရေဖြူ   မတ်    ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ ကျင်းပလျက်ရှိရာ ရေဖြူမြို့နယ်ရှိ စာစစ်ဌာန(၃)ခု၌လည်း တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာကို စတင်ဖြေဆိုလျက်ရှိသည်။

ရေဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က-ရေဖြူ၊ အ.ထ.က-ကံပေါက် ၊ အ.ထ.က-ကလိန်အောင်စာစစ်ဌာန (၃)ခုတွင် ကျောင်းသား/ကျောင်းသူ (၃၀၉) ဦး ဝင်ရောက်ဖြေဆိုကြလျက်ရှိသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ  ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စာမေးပွဲဖြေဆိုမှုကို အနှောင့်အယှက် မဖြစ်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများအဆင်ပြေစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊  ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက စာစစ်ဌာနအသီးသီး၌ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရရှိသည်။                     

ခတ္တာ