ပန်းတောင်း မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင်သာ အများအပြားထွက်ရှိပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ နှစ်စဥ် ဖေဖော်ဝါရီလခန့်မှ စတင်ကာထွက်ပေါ်လေ့ရှိသော ပန်းတောင်းစိမ်းစားသီးသည် ပြည်ဒေသတဝိုက်တွင်သာမက ၄င်းစိမ်းစားသီး ရောက်ရှိဘူးသည့် အရပ်ဒေသအတော်များများတွင် နာမည်ကြီး၍စျေးကောင်းရရှိကာရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းတောင်းစိမ်းစားသီးသည် မဖန်မခါးမချဥ်လွန်းဘဲ ကျွတ်ကျွတ်နှင့် အင်မတန်မှ တို့မြုပ်ကောင်းလှသည့် သရက်သီးကင်းဖြစ်သဖြင့်တစ်လုံးလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ဇန်နဝါရီလဆန်းမှ စိမ်းစားသရက်ပင်အိုများနှင့် အချို့စိမ်းစားပင်များတွင် အပွင့်အဖူးများ စောလျှင်စွာထွက်ကြပြီး စိမ်းစားသီးသရက်ကင်းများ ဖေဖော်ဝါရီလဆန်းတွင် စတင်ခူးဆွတ် ရောင်းချကြကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)