ပန်းတောင်းမြို့၌ နိုင်ငံတော်အစိုးရမှ ဘွဲ့တံဆိပ်ချီးမြှင့်ခံရသော မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ အောင်မြေဘုံဈာန်ဆရာတော်​ကြီး မြို့တစ်ပတ်လှည့်လည်အပူဇော်ခံ

ပန်းတောင်း မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့၌ နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ချီးမြှင့်ခံရသော မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ အောင်မြေဘုံဈာန်ဆရာတော်​ကြီးသည် ယမန်နေ့နံက်ပိုင်းက မြို့တစ်ပတ်လှည့်လည် အပူဇော်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ အောင်မြေဘုံစျာန်ဆရာတော်အား ၁၃၈၄ ခု၊ တပေါင်းလပြည့်နေ့တွင်  နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဘွဲ့တံဆိပ်ချီးမြှင့်ခံရသော မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ချီးမြှင့်ခံရသဖြင့်  ဘွဲ့တံဆိပ်တော်နှင့်အတူ  ပန်းတောင်းမြို့နယ် ဆင်တဲ၊ သူရဲဇီး၊ ကြခတ်၊ ဝန်လို၊ မင်းရပ်ဖောင်းကန်ရပ်ကွက်တို့တွင် ဘွဲ့တံဆိပ်ချီးမြှင့်ခံရသော မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ အောင်မြေဘုံဈာန်ဆရာတော်​ကြီးအား တပည့်ရဟန်းသံဃာ၊ ဒါယကာ၊ ဒါယိကာမအပေါင်းတို့က ဂုဏ်ပြုကြိုဆိုပင့်ဆောင်ပြီး ကြိုဆိုရေးမင်္ဂလာယာဉ်တန်းဖြင့် ပန်းတောင်းမြို့ပေါ်ရပ်ကွက်များအတွင်း မြို့တစ်ပတ် လှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)