ကျောက်တံခါးမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ကျောက်တံခါး မတ် ၈

ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို  ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အ-ထ-က(ကျောက်တံခါး)စာစစ်ဌာန၌ ယနေ့နံနက်ပိုင်းက အေးချမ်းစွာလာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုခြင်းကို ကျောက်တံခါးမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁)ခုတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်းသား၊ ကျောင်းသူပေါင်း ကျောင်းတွင်းဖြေဆိုသူ(၄၂)ဦး၊ ပြင်ပဖြေဆိုသူ(၄၈၀)ဦး စုစုပေါင်း(၅၂၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စန်းစန်း (ပြန်/ဆက်)